မြစ်သားမြို့၌ ပါတီကြီးနှစ်ခုအားထောက်ခံသူများက အင်အားများစွာဖြင့်လှည့်လည်စည်းရုံးမှုအပေါ် ဒေသခံများစိုးရိမ်

မြစ်သားမြို့၌ ပါတီကြီးနှစ်ခုအားထောက်ခံသူများက အင်အားများစွာဖြင့်လှည့်လည်စည်းရုံးမှုအပေါ် ဒေသခံများစိုးရိမ်

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီအချို့အား ထောက်ခံဝန်းရံသူများသည်အောက်တိုဘာ ဒုတိယအပတ်မှစတင်၍ လူအင်အားများပြားစွာဖြင့် လှည့်လည်စည်းရုံးနေမှုများအပေါ် ဒေသခံအချို့အနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

''ကျွန်တော်တို့ရင်ထဲမှာ ဘယ်ပါတီမဲပေးရမယ်ဆိုတာ ရှိပြီးသားပါ ကိုဗစ်ကာလဆိုတော့ ခုလို လူစုလူဝေးကြီးတွေနဲ့ လှည့် နေတာတွေက ရွေးကောက်ပွဲအပေါ် ကောင်းကျိုးထက် တလွဲသက်ရောက်မှုတွေဖြစ်လာမှာကို စိုးရိမ်တာပါ''ဟု ဒေသခံ ကျောင်းဆရာတစ်ဦးက မြန်မာတိုင်းသို့ပြောသည်။

မြစ်သားမြို့နယ်အတွင်းရှိ အင်အားကြီးပါတီကြီးနှစ်ခု၏ ထောက်ခံဝန်းရံသူများက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးလှည့်လည်မှုများနှင့် ပတ်သက်ပြီး COVID-19 ရောဂါကူးစက်မှုနှင့်အတူ ရန်ပွဲများဖြစ်လာမည်ကို ဒေသခံပြည်သူအချို့က စိုးရိမ်နေကြခြင်းဖြစ်သည်။ COVID-19 ရောဂါထိန်းချုပ်မှု ကာလကြာ မြင့်လာသည့်အတွက် မွမ်းကြပ်ဖြစ်ပေါ်ကာထွက်ပေါက်တစ်ခုကဲ့သို့ လူအင်အားများပြားစွာဖြင့် ထွက်လာသည်ဟု ယူဆကြောင်းလည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

''ကိုယ်နှစ်သက်တဲ့ပါတီကို ဝန်းရံတာပါ။ လူတိုင်းတစ်နေ့သေရမှာပါပဲ။ကိုဗစ်စည်ကမ်းနဲ့အညီအားလုံးလိုက်နာပါတယ်။ ဘာကြောင့်ညာကြောင့်အကြောင်းပြနေရင် အလုပ်မဖြစ်ဘူး။ရွေးကောက်ပွဲကကပ်နေပြီ၊ ဆေးရုံကြောက်ပေမယ့် ပြည်သူတွေမဲရုံရောက်ဖို့ကလည်း အ ရေးကြီးတယ်''ဟုမြစ်သား NLD ဝန်းရံသူ ဒေါ်မာမာခင်က ရှင်းပြသည်။

ထိုကဲ့သို့ လူအင်အားများပြားစွာဖြင့် စီတန်းလှည့်လည်နေမှုများနှင့်ပတ်သက်၍ မြစ်သားမြို့နယ် COVID-19 ကာကွယ်ကုသထိန်းချုပ်ရေးအဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်းဖြေကြားမှု မရှိခဲ့ပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး