မင်းကင်းမြို့ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ် အတည်ပြုလူနာ ၁၆ ဦး ဆေးရုံဆင်းခွင့် ရ

မင်းကင်းမြို့ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ် အတည်ပြုလူနာ ၁၆ ဦး ဆေးရုံဆင်းခွင့် ရ

စစ်ကိုင်းတိုင်း မင်းကင်းမြို့ဆေးရုံတွင် တက်ရောက်ကုသနေသော COVID-19 အတည်ပြုလူနာ ၁၆ ဦးအား အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းက ဆေးရုံဆင်းခွင့် ပေးလိုက်ပြီဖြစ်ကြောင်း မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်ထံမှသိရသည်။

''ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံကနေဆင်းခွင့်ပြုတာပါ''ဟုဦးဆန်းဗိုလ်ကပြောသည်။COVID-19 အတည်ပြုလူနာ ၁၆ ဦးသည် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်မှ ပြန်လာသူများဖြစ်ပြီး ၎င်းတို့ကို မင်းကင်းမြို့အမှတ်(၃) ရပ်ကွက် အ.လ.က (၂) ကျောင်းတွင် Quaratine ထားရှိထားခြင်းဖြစ်သည်။ အောက်တိုဘာ ၉ ရက်က Quaratine ဝင်သူ ၂၈ ဦး၏ Swab နမူနာများရယူ၍ မန္တလေးဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာအောက်တိုဘာ ၁ဝ ရက်က ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဆေးရုံဆင်းခွင့်ရသူ ၁၆ ဦးသည် နေအိမ်၌ Home Quarantine ခုနစ်ရက် ဆက်လက်နေထိုင်ရမည်ဖြစ်သည်။ အဆိုပါ ၁၆ ဦးသည်အမျိုးသမီးများဖြစ်ပြီး ပုထိုးလုံးကျေးရွာမှ လေးဦး၊ ကျွဲကျကျေးရွာမှတစ်ဦး၊ ပေါက်အိုင်မှ ကိုးဦး၊ တောင်ကုန်းကျေးရွာနှင့် ကျွန်းတော်ကျေးရွာမှတစ်ဦးစီတို့ဖြစ်သည်။ မင်းကင်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၁၇ ဦးရှိပြီး အောက်တိုဘာ ၁၆ ရက်က တစ်ဦးနှင့် ၁၉ ရက်တွင် ၁၆ ဦး ဆေးရုံဆင်းခွင့်ရရာ မင်းကင်းမြိုနယ်တွင် လက်ရှိအချိန်အထိကိုဗစ်ရောဂါပိုးကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး