မီနီအယ်လ်ဘမ်အသစ်ထွက်ရှိခဲ့တဲ့ Gary

မီနီအယ်လ်ဘမ်အသစ်ထွက်ရှိခဲ့တဲ့ Gary

Running Man အဖွဲ့ဝင်ဟောင်း Gary ရဲ့ သီချင်းအသစ်ထွက်လာခဲ့ပါတယ်။

Gary ရဲ့ “2020” ဆိုတဲ့ မီနီ အယ်လ်ဘမ်ဟာ အောက်တိုဘာလ ၁၅ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီ့နေ့မှပဲ အခွေသစ်ထွက်မယ့်အကြောင်းကြေညာခဲ့တာပါ။

Gary ရဲ့ “Purple Bikinisingle” ဟာ ၂၀၁၉ ခုနှစ် သြဂုတ်လကထွက်ရှိခဲ့တာကြောင့် တစ်နှစ်ကျော်အကြာမှ comeback ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။

အခု ထွက်ထားတဲ့မီနီအယ်လ်ဘမ်ထဲမှာ သီချင်းလေးပုဒ်ပါဝင်ပြီး DJ Spray နဲ့ L Like တို့နဲ့အတူ ပူးတွဲဖန်တီးထား တဲ့ “Outer Ring Road” သီချင်းပါဝင်ပါတယ်။

ဒါ့အပြင် သူ့ရဲ့သူငယ်ချင်း Jung In နဲ့ အတူ တွဲလုပ်ထား တဲ့ “Photograph” သီချင်းလည်းပါဝင်တယ်လို့သိရပါတယ်။

Gary ဟာ လက်ရှိမှာတော့ သားဖြစ်သူ Hao နဲ့ အတူ “The Return of Superman” အစီအစဉ်မှာ ပါဝင်နေတာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး