“Are You Leaving?” ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်မယ့်သူများကို အတည်ပြုကြေညာ

“Are You Leaving?” ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်မယ့်သူများကို အတည်ပြုကြေညာ

SKY ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် “Are You Leaving?” ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်မယ့်သူ တွေ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

“Are You Leaving?” ဒရာမာကတော့ တေးဂီတဆိုင်ရာအချစ်ဇာတ်လမ်း တွဲဖြစ်ပြီး အသက် ၂၀ ကျော်အရွယ် လူငယ်လေးတွေရဲ့အိမ်မက်ကိုအကောင်အထည်ဖော်တဲ့ပုံစံမျိုး ရိုက်ကူး ထားတာပါ။

ပါဝင်သရုပ်ဆောင်မယ့်သူတွေကတော့ Chani, Park Jung Yeon နဲ့ N.Flying အဖွဲ့ဝင် Lee Seung Hyub တို့ပဲဖြစ်ပါတယ်။

Chani က ဂီတပညာရှင်အဖြစ်ပါဝင်မှာဖြစ်ပြီး Park Jung Yeon ကတော့ လမ်းဘေးမှာသီဆိုတီးမှုတ်ပြီး ပိုက်ဆံတောင်းသူအဖြစ်ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

Lee Seung Hyub က လက်ရှိမှာကျော်ကြားနေတဲ့ idol အဖြစ်သရုပ်ဆောင်ရမှာဖြစ်ပြီး အေဂျင်စီရဲ့ဒါရိုက်တာနေရာကနေ ပါဝင် သရုပ်ဆောင်မယ့်သူကိုတော့ ရှာဖွေနေဆဲပဲဖြစ်ပါတယ်။

“Are You Leaving?” ဇာတ်လမ်းတွဲကို SKY ရုပ်သံလိုင်းမှာ မပြသခင် OTT ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Seezn မှာ ၂၀၂၁ ခုနှစ် လဆန်းပိုင်းလောက်မှာ ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး