ဒုတိယမြောက်တစ်ကိုယ်တော်အခွေထုတ်ဝေတော့မယ့် Song Minho

ဒုတိယမြောက်တစ်ကိုယ်တော်အခွေထုတ်ဝေတော့မယ့် Song Minho

Mino လို့ သိထားကြတဲ့ Winner အဖွဲ့ဝင် Song Minho ကတော့ တစ်ကိုယ်တော်အခွေနဲ့အတူ ပရိသတ်တွေဆီ ပြန်လာခဲ့ပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Song Minho ရဲ့ ဒုတိယမြောက်အခွေဖြစ်တဲ့ “TAKE” ထွက်တော့မယ့် အကြောင်းကို YG Enter tainment က ကြေညာပေးခဲ့တာပါ။

အောက်တိုဘာလ ၃၀ ရက်နေ့မှာ အခွေထွက်ရှိ လာမှာဖြစ်တယ်လို့ သိရပါတယ်။

အခုထွက်လာမယ့် Song Minho ရဲ့ အခွေဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ထွက်ရှိခဲ့တဲ့ “XX” အခွေပြီးနောက်ပိုင်း နှစ်နှစ် အကြာမှာ ပထမဆုံးထွက်ရှိလာမယ့် တစ်ကိုယ်တော်အခွေ လည်းဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် Song Minho ဟာ ၂၀၁၁ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့တာကြောင့် အနုပညာသက်တမ်း ၉ နှစ်ရှိပြီဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး