ဒုတိယမြောက် Wonder Woman ဇာတ်ကားမှာ သရုပ်ဆောင်ကြေးတိုးမြှင့်ရရှိခဲ့တဲ့ Gal Gadot
Wonder Woman သရုပ်ဆောင် Gal Gadot ဟာ သရုပ်ဆောင်ကြေးတိုးမြှင့်ရရှိသွားပြီဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Wonder Woman ရုပ်ရှင်ဟာ box office မှာ အမေရိကန်ဒေါ်လာ ၈၂၁ သန်းကျော် ဝင်ငွေရရှိခဲ့ပေမယ့် အဓိကဇာတ်လိုက်ကျော် Gal Gadot ကတော့ အမေရိကန်ဒေါ်လာ ၃ သိန်းပဲ သရုပ်ဆောင် ကြေးရရှိခဲ့ပါတယ်။
ဒါပေမယ့် အခုအသစ်ထွက်ဖို့ရှိနေတဲ့ “Wonder Woman 1984” မှာတော့ Gal Gadot ဟာ အရင်ကားထက် သရုပ်ဆောင်ကြေး ၃၃ ဆ ပိုရမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ သန်း ရရှိမယ်လို့ သိရပါ တယ်။
Gal Gadot ပါဝင်သရုပ်ဆောင်ထားပြီး အသစ်ထွက်ဖို့ရှိတဲ့ “Red Notice” မှာလည်း သရုပ်ဆောင်ကြေး အမေရိကန်ဒေါ်လာ သန်း ၂၀ အထိ ရရှိထားတယ်လို့သိရပါတယ်။
















