ရုံမတင်ဖြစ်တော့တဲ့ Disney ရဲ့ “Soul”

ရုံမတင်ဖြစ်တော့တဲ့ Disney ရဲ့ “Soul”

Disney ရဲ့ အသစ်ထွက်ဖို့ရှိတဲ့ “Soul” ဆိုတဲ့ အန်နီမေးရှင်းရုပ်ရှင်ဟာ COVID-19 ရောဂါအခြေအနေတွေ ကြောင့် ရုံမတင်ဖြစ်တော့ပဲ Disney+ မှာပဲ ပြသတော့မယ်လို့သိရပါတယ်။

Disney ဟာ ရှေ့ပိုင်းမှာလည်း “Artemis Fowl” နဲ့ “Mulan” တို့ကို ရုံတင်ပြသဖို့အဆင်မပြေသေးတာကြောင့် Disney+ ကနေပဲ အခကြေးငွေ ယူပြီး ပြသခဲ့ရပါတယ်။

“Mulan” ကိုတော့ ရုပ်ရှင်ရုံတွေပြန်ဖွင့်ချိန်ကျရင် ထပ်မံရုံတင်ပြသမယ်လို့ကြေညာထား ပါတယ်။

“Soul” ရုပ်ရှင်ကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသဖို့စီစဉ်ထားပေမယ့် အခုတော့ ဒီဇင်ဘာလ ၂၅ ရက်နေ့ရောက်မှပဲ Disney+ ကနေ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး