“Ask Us Anything” အစီအစဉ်မှာ ပါဝင်လာဦးမယ့် SEVENTEEN

“Ask Us Anything” အစီအစဉ်မှာ ပါဝင်လာဦးမယ့် SEVENTEEN

JTBC ရဲ့ “Ask Us Anything” အစီအစဉ်မှာ SEVENTEEN အဖွဲ့က အထူးဧည့်သည်အနေနဲ့ပါဝင်လာမှာ ဖြစ်ပါ တယ်။

ဒီအစီအစဉ်မှာ SEVENTEEN အဖွဲ့ဝင် ၁၃ ယောက်လုံး စုံစုံလင်လင်ပါဝင်ထားတယ်လို့လည်းသိရပါ တယ်။

သူတို့အဖွဲ့ ပါဝင်ထားတဲ့အပိုင်းကိုတော့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရိုက်ကူးထားတာဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့မှာ JTBC မှာ ထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ တုန်းကလည်း SEVENTEEN အဖွဲ့ရဲ့ “:[Semicolon]” ဆိုတဲ့ အခွေအသစ်လည်း ထွက်ရှိထားတာကြောင့် အခွေအသစ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတချို့ကိုလည်း ဒီအစီအစဉ်မှာကြားသိရနိုင်ချေရှိပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး