အင်စတာဂရမ်စတင်အသုံးပြုနေပြီဖြစ်တဲ့ Jaemin နဲ့ Doyoung
NCT အဖွဲ့ဝင် Jaemin နဲ့ Doyoung တို့က အင်စတာဂရမ်အကောင့်ဖွင့်ပြီး စတင်အသုံးပြုနေပြီဖြစ်ပါတယ်။
အကောင့်တွေမှာ နှစ်ယောက်လုံး ပို့စ်တွေတင်ထားပြီး တရားဝင် NCT အကောင့်ကလည်း follow လုပ်ထား တာတွေ့ရတာကြောင့် သူတို့ရဲ့တရားဝင်အကောင့်အစစ်တွေဆိုတာသေချာနေတာလည်းဖြစ်ပါတယ်။
သူတို့ နှစ်ယောက်ကလွဲလို့ ကျန်တဲ့ NCT အဖွဲ့ဝင်တွေမှာ ကိုယ်ပိုင်အင်စတာဂရမ်အကောင့်ရှိပြီးသားဖြစ်တာမို့ အခု ဆိုရင်အဖွဲ့ဝင်တွေအားလုံးနဲ့ ပရိသတ်တွေက အလွယ်တကူအဆက်အသွယ်လုပ်နိုင်ပြီဖြစ်ပါတယ်။
Doyoung ရဲ့ အကောင့်နာမည်က do0_nct ဖြစ်ပြီး Jaemin ကတော့ na.jaemin0813 ပါ။
NCT အဖွဲ့ ဟာ မကြာသေးခင် ကပဲ “RESONANCE Pt.1” ဆိုတဲ့ အခွေထွက်ရှိထားပါတယ်။
















