ဘတ်ဂျတ်နည်းရုပ်ရှင်တစ်ကားကို လက်ခံရိုက်ကူးခဲ့တဲ့ Yoo Ah In

ဘတ်ဂျတ်နည်းရုပ်ရှင်တစ်ကားကို လက်ခံရိုက်ကူးခဲ့တဲ့ Yoo Ah In

“Alive” ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသား Yoo Ah In ကတော့ နောက်ထပ်ရုပ်ရှင်သစ်တစ်ကား လက်ခံရိုက်ကူး ခဲ့ပါတယ်။

ဇာတ်ကားနာမည်က “Voice of Silence” ဖြစ်ပြီး Yoo Ah In နဲ့ Yoo Jae Myung တို့က အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ Yoo Ah In က ခပ်ဝဝအမျိုးသားနေရာကနေ ပါဝင်သရုပ်ဆောင်ရမှာဖြစ်တာကြောင့် ကိုယ်အလေးချိန် ၃၃ ပေါင် တက်အောင် ကြိုးစားထားတယ်လို့ သိရ ပါတယ်။

အမေရိကန်ဒေါ်လာ တစ်သန်းကျော်သာ အသုံးပြုရိုက်ကူးထားတာကြောင့် ဘတ်ဂျတ်ကိုအတော်လေး ချွေတာရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

ဒါပေမယ့်လည်း Yoo Ah In က ဒီဇာတ်ကားကို ကျေကျေ နပ်နပ် လက်ခံရိုက်ကူးခဲ့တာကြောင့် ရုပ်ရှင်မထွက်ခင်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ခံနေရတာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး