အာရှရဲ့အကောင်းဆုံးမင်းသားဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Mark Prin
“My Husband In Law” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထိုင်းမင်းသား Mark Prin က “Asian Academy Creative Awards” ဆုပေးပွဲမှာ အကောင်းဆုံးမင်းသားဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ ပါတယ်။
ထိုင်းနိုင်ငံမှာအကောင်းဆုံးမင်းသားဆုရရှိခဲ့တဲ့ Mark Prin ဟာ အာရှရဲ့အကောင်းဆုံးမင်းသားဆုကိုတော့ မရရှိခဲ့ဖူးသေးတာကြောင့် အခုလိုဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေ တယ်လို့သိရပါတယ်။
ဆုပေးပွဲကိုတော့ လာမယ့်ဒီဇင်ဘာလမှာကျင်းပမှာလည်းဖြစ်ပါတယ်။
Kao Supassara Thanachart နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ Mark Prin ရဲ့ “Trab Fah Mee Tawan” ဆိုတဲ့ ဇာတ်လမ်းတွဲ အသစ်ကိုလည်း နိုဝင်ဘာလ ၁၉ ရက်နေ့မှာ Thai TV3 ရုပ်သံ လိုင်းကနေ စတင်ထုတ်လွှင့်ပြသတော့မယ်လို့ သိရပါတယ်။
















