အားလုံးစောင့်မျှော်နေကြတဲ့ “Titans Season 3” ရိုက်ကူးရေးပြန်လည်စတင်နေပြီလို့ သိရပါတယ်။
ဒီအကြောင်းကိုတော့ Titans ဇာတ်ကားရဲ့ cinematographer Boris Mojsovski က အတည်ပြုပြောကြားခဲ့ တာဖြစ်ပါတယ်။
Titans ကို ၂၀၁၈ ခုနှစ်မှာ DC က စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ချစ် ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။
Season နှစ်ခု ထုတ်လွှင့်ပြသခဲ့ပြီးနောက် အခုရိုက်ကူး နေတဲ့ Season 3 မှာတော့ ဇာတ်ကောင်အသစ်တွေ၊ မထင်မှတ်ထားတဲ့ဇာတ်လမ်းအချိုးကွေ့တွေများစွာ ပါဝင် လာမှာဖြစ်တယ်လို့သိရပါတယ်။
“Titans Season 3” ကို HBO Max ရုပ်သံလိုင်းမှာ ၂၀၂၁ ခုနှစ် နှစ်လယ် ဒါမှမဟုတ် နှစ်ကုန်ပိုင်းလောက်မှာစတင်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
Season 2 ကြည့်ချင်တဲ့ပရိသတ်တွေ အတွက်တော့ HBO Max က အခုလာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ပြသပေးမယ်လို့သိရပါတယ်။
















