ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းသော ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား COVID-19 ရောဂါပိုးရှိ၊မရှိ စစ်ဆေးပေးမည့် COVID-19 ရောဂါစစ်ဆေးရေးစခန်း(တိုက်ကြီး) အားအောက်တိုဘာ ၂၁ ရက်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 ရောဂါပိုးရှိ၊မရှိစစ်ဆေးပေးမည့် COVID-19 ရောဂါစစ်ဆေးရေးစခန်း(တိုက်ကြီး)အား ရန်ကုန်±ပြည်ကားလမ်းမကြီး၏ မိုင်တိုင်အမှတ်- ၄၃ မိုင် ၆ ဖာလုံ၌ ဆောက်လုပ်ထားခြင်းဖြစ်သည်။ထိုသို့ဆောက်လုပ်ရာ၌ ကုန်ကျစရိတ်များအား Max Highway ကုမ္ပဏီက ကျခံဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂ဝ ရက်ကအလုံးစုံပြီးစီးခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
''တည်ဆောက်ရေးလုပ်ငန်းတွေကို အောက်တိုဘာ ၁၄ ရက်ကစပြီး နေ့ရောညပါ မနားတမ်းလုပ်ခဲ့ကြတဲ့အတွက် တစ်ပတ်အတွင်းပြီးစီးခဲ့ပါတယ်။ ကုန်တင်ကားမောင်းတဲ့ ကားသမားတွေ၊စပယ်ယာတွေကို စစ်ဆေးပေးသွားမှာပါ။ ဒီစစ်ဆေးရေးစခန်းမှာ ပင်မအဆောင်ကြီး လေးဆောင်ရှိပါတယ်၊ အဲဒီ ပင်မအဆောင်ကြီးလေးဆောင်ထဲမှာ ရောဂါစစ်ဆေးပြီးလို့ COVID-19 ရောဂါကူစက်ခံနေရတဲ့သူတွေဆိုရင် Positive လူနာတွေထားဖို့အတွက် သီးသန့်အဆောင်ကြီးတစ်ဆောင်ရှိပါတယ်။ အဲဒီကမှတစ်ဆင့် သက်ဆိုင်ရာ Quarantine Centre တွေကိုပို့ပေးသွားမှာပါ၊ ရောဂါပိုးမရှိတဲ့သူတွေကတော့ ရောဂါကင်းရှင်းကြောင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ စာရွက်စာတမ်းတွေယူပြီး မိမိတို့ ကုန်သွားပို့ရမဲ့ဆီကိုသွားနိုင်ပါတယ်''ဟု Max Highway ကုမ္ပဏီ Managing Director ဦးခင်မောင်ကြွယ်ကပြောသည်။
အဆိုပါကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 ရောဂါပိုးရ၊ှိမရှိစစေ် ဆးပေးမည့် COVID-19 ရောဂါစစ်ဆေးရေးစခန်း(တိုက်ကြီး)တွင် စစ်ဆေးခံရန်အလှည့်စောင့်နေသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် လူဦးရေ ၂ဝ စောင့်ဆိုင်းနိုင်သည့် ပေ ၂ဝ × ၃၆ ပေရှိသည့်နားနေဆောင၊် နှာခေါင်းတို့ပတ်ယူမည့်နေရာ ခြောက်နေရာရှိသော ပေ ၂ဝ × ပေ ၄ဝ အဆောင်၊နှာခေါင်းတို့ပတ်ယူပြီးသူများ ရော ဂါပိုးရှိ၊မရှိအဖြေစောင့်ဆိုင်းသည့် ပေ ၂ဝ × ပေ ၅ဝအဆောင်တို့အား ဆောက်လုပ်ထားသည်။
ထို့ပြင် ရောဂါပိုးရှိ၊မရှိ အဖြေသိရှိရပြီးနောက် ရောဂါပိုးရှိသူများအား Quarantine Centre များသို့မပို့မီ နားနေရန် ပေ ၂ဝ ×၃၆ ပေအဆောင်၊ ရောဂါပိုးစစ်ဆေးပေးမည့်ဆရာဝန်၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများနားနေရန် ၁၅ ပေပတ်လည် နားနေဆောင်၊ရောဂါပိုးစစ်ဆေးပေးမည့် ၁၅ ပေပတ်လည်အဆောင်များအား ဆောက်လုပ်ထားရှိပြီးသန့်စင်ခန်းများအား လုံလောက်စွာဆောက်လုပ်ပေးထားကြောင်း သိရသည်။
















