ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Thailand International Cooperation Agency(TICA) နှင့် Chareon Pokphard Group Co Ltd(CP Social Cooperation) တို့ပူးပေါင်း၍ ထိုင်းသံရုံးမှတစ်ဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ နှာခေါင်းစည်း (Mask) ပါကင် ၁ဝဝဝ (အခုရေတစ်သန်း)အား အောက်တိုဘာ ၂ဝ ရက် မွန်းလွဲပိုင်းက မြန်မာ-ထိုင်း အမှတ်(၂)တံတားကြီးတွင် ထိုင်းတာဝန်ရှိသူများက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှူဒါန်းပစ္စည်းများအား ဘန်ကောက်မှ မဲဆောက်သို့ ထိုမှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားကြီး CARGO တွင် ပြောင်းရွှေ့တင်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ Mask ပါကင် ၁ဝဝဝ အား မြန်မာဘက်မှ မြဝတီနယ်စပ် ကုန်သည်ကြီးများအသင်းဥက္ကဌ ဒေါ်သင်းသင်းမြတ်နှင့် အကောက်ခွန်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်တို့မှ လက်ခံရယူပေးပြီး လွှဲပြောင်းယာဉ်ဖြင့်ယင်းနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။
















