အောက်တိုဘာလကုန်ပိုင်းလောက်မှာ comeback လာမယ့် CL
CL ကတော့ သူမရဲ့ comeback လာမယ့်ရက်ကိုကြေညာခဲ့ပါတယ်။
ဒီလကုန်ပိုင်းမှာထွက်ရှိလာမယ့် သူမရဲ့ comeback နမူနာပုံကိုထုတ်ဖော်ပြသခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလကထွက်ရှိခဲ့တဲ့ “In The Name of Love” အခွေနောက်ပိုင်း ၁၀ လ အကြာမှာပထမဆုံးထွက်ရှိလာမယ့် comeback ဖြစ်ပါတယ်။
CL က သူမရဲ့ comeback နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လကတည်းကပရိသတ်တွေကိုကြိုတင်ပြောပြခဲ့ပါတယ်။
ဒီ comeback မှာသီချင်းအသစ်နှစ်ပုဒ်ပါလာမယ်လို့လည်းသိရပါတယ်။ CL ရဲ့ သီချင်းအသစ်တွေကအောက်တိုဘာလ ၂၉ ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လယ် ၁ နာရီမှာထွက်ရှိလာမှာပဲဖြစ်ပါတယ်။
















