Hani နဲ့ ပတ်သက်ပြီးအွန်လိုင်းကနေ မလိုမုန်းတီး စကားပြောသူများကို ဥပဒေအရအရေးယူမည်

Hani နဲ့ ပတ်သက်ပြီးအွန်လိုင်းကနေ မလိုမုန်းတီး စကားပြောသူများကို ဥပဒေအရအရေးယူမည်

EXID အဖွဲ့ဝင် Hani ရဲ့ Sublime Artist အေဂျင်စီက Hani ကိုပုဂ္ဂိုလ်ရေးအရတိုက်ခိုက်မှုတွေပြုလုပ်လာရင် တရားဥပဒေနဲ့ အညီအရေးယူသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မကြာသေးခင်ကပဲ Hani လို့ သိကြတဲ့ အဆိုတော်၊ သရုပ်ဆောင် AhnHee Yeon ကိုမကောင်းပြောဆိုထားတဲ့မှတ်ချက်တွေတွေ့တာကြောင့် အေဂျင်စီဘက်ကသူတို့ရဲ့အနုပညာရှင်ကိုအတတ်နိုင်ဆုံးအကာအကွယ်ပေးနိုင်ဖို့ အခုလိုမျိုးဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာကလူတွေနဲ့ အရေးယူနိုင်မယ့်နည်းလမ်းတွေနဲ့ပတ်သက်ပြီးဆွေးနွေး နေတယ်လို့ သိရပါတယ်။

Hani ရဲ့ ပုံကိုအသုံးပြု tag တွဲပြီးမုန်းတီးကြောင်းပြောဆိုထားတဲ့အကောင့်တွေကိုလက်လှမ်းမီသလောက် report လုပ်ထားပြီးနောက်ထပ်တွေ့ရှိလာမယ့်အကောင့်တွေကိုလည်း report ဆက်လုပ်သွားမှာဖြစ်တယ်လို့ အေဂျင်စီဘက်ကတရားဝင်ထုတ်ဖော်ပြောသားခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး