MBC ရဲ့ ဇာတ်လမ်းတွဲအသစ်မှာပါဝင်သရုပ်ဆောင်ပေးဖို့ Kim Bo Ra နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ သိရပါ တယ်။
"Love Scene Number" လို့ ယာယီနာမည်ပေးထားတဲ့ဒရာမာမှာပါဝင်သရုပ်ဆောင်ဖို့ Kim Bo Ra ကိုကမ်းလှမ်းထားကြောင်းသူမရဲ့အေဂျင်စီကလည်းအတည်ပြုပေးခဲ့ပါတယ်။
လက်ရှိမှာတော့နှစ်ဖက်ဆွေးနွေးမှု တွေ ပြုလုပ်နေပြီးလက်ခံရိုက်ကူးဖို့တော့အတည်မပြုရသေးဘူးလို့ဆိုပါတယ်။
"Love Scene Number" မှာအပိုင်း (၈) ပိုင်းသာပါဝင်လာမှာဖြစ်ပြီးအပိုင်းနှစ်ပိုင်းကိုအသက် ၂၀ ကနေ ၃၀ ကြားလူငယ်လေးတွေရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်စီပုံစံမျိုးနဲ့ လေးပုဒ်ရိုက်ကူးမှာ ဖြစ်ပါတယ်။
Shim Eun Woo နဲ့ Han Joon Woo တို့ နှစ်ယောက်ကတော့ ဇာတ်လမ်းတစ်ပုဒ်မှာသရုပ်ဆောင်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။
Kim Bo Ra ဟာမကြာသေးမီကပဲ MBC ရဲ့ "SF8" ဆိုတဲ့ သိပ္ပံဇာတ်ကားမှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။
















