ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကခင်ပွန်းဖြစ်သူ Offset နဲ့ တရားဝင်ကွာရှင်းခွင့်ကို Cardi B က တရားရုံးမှာတောင်းဆိုခဲ့ပေမယ့် အခုတော့နှစ်ယောက်သားပြေလည်မှုပြန်လည်ရရှိသွားပြီဖြစ်ပါတယ်။
ဒီလထဲမှာကျင်းပခဲ့ တဲ့ Cardi B ရဲ့ မွေးနေ့ကို Offset တစ်ယောက် တက်ရောက်လာခဲ့ပြီးအနမ်းပန်းတွေခြွေခဲ့တာကို မြင်ရကတည်းကသူတို့နှစ်ဦးမကွာရှင်းဖြစ်လောက်တော့ဘူးဆိုတာအားလုံးကခန့်မှန်းမိခဲ့ကြပါတယ်။
အခုတော့ Cardi B က Offset ကိုကွာရှင်းဖို့လုပ်ခဲ့မိတာကိုအလွန်ပဲနောင်တရမိတယ်လို့ မီဒီယာတွေကိုတရားဝင်ပြောခဲ့ တာပါ။
ကိုယ်အင်မတန်ချစ်မြတ်နိုးရတဲ့လူတစ်ယောက်ကိုမမြင်ရမတွေ့ရ၊ စကားမပြောရတာကအတော်လေးကိုအဆင်မပြေဘူးလို့လည်း Cardi B က ဖွင့်ဟဝန်ခံခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်မှာချစ်သူတွေစဖြစ်ခဲ့ကြပြီးချစ်သူဖြစ်ချိန်ကနေအခုသမီးလေးတစ်ယောက်ရပြီးလက်ထပ်ထားချိန်အထိ Offset က လူမှုရေးဖောက်ပြန်မှုတွေလုပ်ခဲ့တာကြောင့် မကြာခဏဆိုသလိုအဆင်မပြေမှုတွေဖြစ်ပြီးလမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ခေါက်ကွာရှင်းခွင့်တောင်းတုန်းကလည်းကွာရှင်းရတဲ့အကြောင်းရင်းကို Cardi B က ထုတ်မပြောခဲ့ပေမယ့် အားလုံးကတော့ Offset တစ်ယောက် ထပ်ပြီးခြေရှုပ်နေတာကြောင့်ဖြစ်မယ်လို့ အားလုံးကခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။
















