"Saturday Night Live" မှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်လာမယ့် Adele

"Saturday Night Live" မှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်လာမယ့် Adele

အရင်တုန်းက စနေနေ့တိုင်းထုတ်လွှင့်ပြခဲ့တဲ့ "Saturday Night Live" ဆိုတဲ့အစီအစဉ်ကို ပြန်လည် စတင် တော့မယ်လို့ သိရပါတယ်။

အခုပြန်လည်ထုတ်လွှင့်မယ့် "Saturday Night Live" မှာ Adele က အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူမှာပါ။

"Saturday Night Live" အစီအစဉ်ကို COVID-19 ကြောင့် မတ်လကတည်းကရပ်နားထားရတာဖြစ်ပြီး အခု အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပြန်လည်ထုတ်လွှင့် ပြသတော့မှာဖြစ်ပါတယ်။

"Saturday Night Live" အစီအစဉ်အတွက် အလွန်ပဲစိတ်လှုပ်ရှားနေမိတယ်လို့ Adele က သူမရဲ့ အင်စတာဂရမ်ကနေတစ်ဆင့် ပရိသတ်တွေကိုပြောခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် Adele ဟာ ၂၀၀၆ ခုနှစ်ကနေစတင်ပြီး အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။

သူမနောက်ဆုံး ထွက်ထားခဲ့တဲ့အယ်လ်ဘမ်ကတော့ ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ "25" ဆိုတဲ့ အယ်လ်ဘမ်ပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး