ဘင်္ဂါလီဒုက္ခသည်များအတွက် ဒေါ်လာ သန်း ၆၀၀ ခန့် ထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံတကာအလှူရှင်များကတိပြု

ဘင်္ဂါလီဒုက္ခသည်များအတွက် ဒေါ်လာ သန်း ၆၀၀ ခန့် ထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံတကာအလှူရှင်များကတိပြု

လန်ဒန် အောက်တိုဘာ ၂၃ - ဘင်္ဂါလီဒုက္ခသည်များအား အကူအညီပေးရန် ဒေါ်လာ သန်း ၆၀၀ ခန့်ထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံတကာအလှူရှင်များက အောက်တိုဘာ ၂၂ ရက်တွင် ကတိပြုပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွက် လိုအပ်သည့် ဒေါ်လာ တစ်ဘီလီယံလျာထားချက်ပြည့်မီရန်အတွက် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအေဂျင်စီတို့သည် အွန်လိုင်းညီလာခံကျင်းပကာ အလှူခံခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက နောက်ထပ်ရန်ပုံငွေအဖြစ် ဒေါ်လ သန်း ၂၀၀ ခန့်၊ ဥရောပသမဂ္ဂက ဒေါ်လာ ၁၁၃ သန်းခန့်နှင့် ဗြိတိန်က ဒေါ်လာ သန်း ၆၀ ခန့်ထည့်ဝင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ အခြားနိုင်ငံတချို့ကလည်း တတ်နိုင်သရွေ့ထည့်ဝင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် ဘင်္ဂါလီဒုက္ခသည်များအရေးအတွက် ထည့်ဝင်သယ်ပိုးမည်ဖြစ်ကြောင်း ယနေ့တွင် ကတိပြုခဲ့ပြီး ယခုအချိန်အထိ ဒေါ်လာ ၅၉၇ သန်းထောက်ပံ့မည်ဆိုသည့် ကတိကိုရရှိခဲ့ကြောင်း ကုလဒုက္ခသည်များဆိုင်ရာမဟာကော်မရှင်နာ ဖိလစ်ပို ဂရန်ဒီကပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံရှိ တိုက်ခိုက်မှုများကြောင့် ဘင်္ဂါလီဒုက္ခသည် ၇၃၀၀၀ ကျော်ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီတစ်သန်းခန့်နေထိုင်နေသည်။

ဘင်္ဂါဘီဒါဇင်ပေါင်းများစွာသည် ပိုမိုကောင်းမွန်သော ဘဝများရရှိရေးအတွက် မလေးရှားသို့ ပင်လယ်ပြင်ကိုဖြတ်သန်းကာ စွန့်စားသွားရောက်ခဲ့ကြပြီးဖြစ်သည်။ ယခုနှစ်တွင် ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ စွန့်စားသွားလာခဲ့သည့် ဘင်္ဂါလီ ၂၄၀၀ ခန့်ရှိခဲ့ခြင်းက ဒုက္ခသည်စခန်းများတွင် အခြေအနေဆိုးရွားနေသည်ကို ဖော်ပြနေကြောင်း ဂရန်ဒီကပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ခံထားသည့် ဒုက္ခသည်များအတွက် တာဝန်ယူနေရသည်မှာ ဝန်ပိလွန်းနေပြီး ဆက်လက်တာဝန်ယူရန်မဖြစ်နိုင်တော့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာရီယာ အာလမ်ကပြောဆိုခဲ့သည်။ အေပီ