ပဲခူးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ ၁၂ဝဝ ကျော်နှင့် သံသယလူနာ ၆၈ ဦးရှိ

ပဲခူးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ ၁၂ဝဝ ကျော်နှင့် သံသယလူနာ ၆၈ ဦးရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အောက်တိုဘာ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီ ထုတ်ပြန်ချက်အရ တိုင်းအတွင်း၌ COVID-19 အတည်ပြုလူနာ ၁၂၅၁ ဦးနှင့် သံသယလူနာ ၆၈ ဦးရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား အောက်တိုဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီအထိ ကဏ္ဍအလိုက်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်အခြေအနေစာရင်းအား ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပဲခူးခရိုင်အတွင်း Facility Quarantine၂၃၇ ခု၌ နိုင်ငံသား ၂၅၈၄ဦး၊ သံသယလူနာ ၆၇ ဦးနှင့် ရောဂါပိုးတွေ့ ရှိသူ ၄၆၂ ဦးရှိကြောင်း ၊ တောင်ငူခရိုင်အတွင်း Facility Quarantine ၁၃၃ ခု၌ နိုင်ငံသား ၁၅၇၈ ဦး၊ သံသယလူနာတစ်ဦးနှင့် ရောဂါပိုးတွေ့ရှိသူ၂ဝ၈ ဦးရှိ၍ ဆေးကုသမှုခံယူနေကြောင်းသိရသည်။

ပြည်ခရိုင်အတွင်း Facility Quarantine ၁ဝ၁ ခု၌ နိုင်ငံသား ၇၅၇ ဦး၊ ရောဂါပိုးတွေ့ရှိသူ ၈၃ ဦး၍ဆေးကုသမှုခံယူနေကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine၁၈၃ ခု၌ နိုင်ငံသား ၂၈၄၄ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ ၄၉၈ ဦးရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး