အမေရိကန်များ နှာခေါင်းစည်းမတပ်ပါက သေဆုံးသူ ၅၀၀၀၀၀ ကျော် ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထွက်ပေါ်

အမေရိကန်များ နှာခေါင်းစည်းမတပ်ပါက သေဆုံးသူ ၅၀၀၀၀၀ ကျော် ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထွက်ပေါ်

ဝါရှင်တန် အောက်တိုဘာ ၂၄ - အမေရိကန်နိုင်ငံသားများအားလုံးနီးပါး နှာခေါင်းစည်း (Mask) များ မတပ်ဆင်ပါက လာမည့် ဖေဖော်ဝါရီလတွင် COVID-19 ကြောင့် သေဆုံးသူ ၅၀၀၀၀၀ ကျော်ရှိလာနိုင်ကြောင်း လေ့လာသူများက အောက်တိုဘာ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၂၃ ရက်နေ့၌ ပြည်နယ် ၁၄ ခုတွင် တစ်ရက်အတွင်း ကူးစက်သူသစ် စံချိန်တင် မြင့်တက်ခဲ့သည်။

ဝါရှင်တန်တက္ကသိုလ်ရှိ ကျန်းမာရေးစနစ် တိုင်းတာမှုနှင့် တွက် ချက်မှုဆိုင်ရာ အင်စတီကျု (IHME) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အေးမြသောရာသီဥတုကြောင့် အမေရိကန်နိုင်ငံသားများသည် ဗိုင်းရပ်စ်ကူး စက်မှုပိုမိုဖြစ်ပွားနိုင်သော နေရာများဖြစ်သည့် မိုးလုံလေလုံ အခန်းများ အတွင်း၌ ပိုမိုနေထိုင်ကြမည်ဖြစ်သည့်အတွက် စိုးရိမ်ဖွယ်ရာဖြစ် ကြောင်းသိရသည်။

အောက်တိုဘာ ၂၂ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူသစ် ၇၆၁၉၅ ဦးရှိကြောင်း ရိုက်တာသတင်းဌာ န၏ စာရင်းအင်းများအရ သိရသည်။ ယင်းကူးစက်သူဦးရေသည် ဇူလိုင်လ ၁၆ ရက်တွင် ရှိခဲ့သော စံချိန်တင် ကူးစက်သူသစ်ဦးရေ ၇၇၂၉၉ ဦးပြီးလျှင် အလွန်ထိတ်လန့်စရာကောင်းသော တစ်ရက် အတွင်း ကူးစက်သူသစ်ဦးရေ ဖြစ်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသားများအားလုံး၏ ၉၅ ရာခိုင်နှုန်းသည် နှာ ခေါင်းစည်းများ တပ်ဆင်ကြမည်ဆိုပါက သေဆုံးသူအရေအတွက် ၁၃၀၀၀၀ အထိ လျှော့ချပစ်နိုင်မည်ဖြစ်ကြောင်း IHME က အမေရိ ကန်ကူးစက်ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာအန် ထော်နီဖောက်ချီ၏ ပြောဆိုချက်ကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် COVID-19 ကူးစက်သူ ၈ ဒသမ ၇ သန်းကျော် ရှိခဲ့ပြီဖြစ်ကာ သေဆုံးသူ ၂၂၉၂၈၄ ဦး ရှိပြီဖြစ်ကြောင်း ရိုက် တာသတင်းဌာန၏ အချက်အလက်များအရ သိရသည်။ အေပီ