CNBLUE အဖွဲ့ဝင် Kang Min Hyuk ကိုတီဗွီဖန်သားပြင်ပေါ်မှာ ပြန်လည်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။
MBC ရဲ့ "Oh! Master" လို့ ယာယီနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်တော့မှာပါ။
"Oh! Master" ဒရာမာကတော့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်နဲ့ မင်းသမီးတစ်ယောက်ရဲ့အကြောင်းကိုဟာသဇာတ်လမ်းပုံစံမျိုးရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။
စာရေးဆရာ Jo Jin Kook ရဲ့ ဝတ္ထုကို ဒါရိုက်တာ Hyun Sol Ip က ရိုက်ကူးပေးမှာဖြစ်ပြီး Kang Min Hyuk နဲ့အတူ Lee Min Ki နဲ့ Nana တို့ကပါဝင်သရုပ်ဆောင်မယ်လို့သိရပါတယ်။
Kang Min Hyuk ဟာစစ်မှုထမ်းတာဝန်ပြီးပြီးချင်းမှာပဲKakao M ရဲ့ "How to Be Thirty" ဆိုတဲ့ ဇာတ်လမ်းတွဲကိုရိုက်ကူးဖို့လက်ခံခဲ့ပါသေးတယ်။
"Oh! Master" ရုပ်ရှင်ကိုနောက်နှစ် မတ်လလောက်မှာ MBC ရုပ်သံလိုင်းကနေထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
















