စိတ်ဝင်စားစရာတင်ဆက်မှုတွေနဲ့ ATEEZ ရဲ့ Variety Show အသစ် 

စိတ်ဝင်စားစရာတင်ဆက်မှုတွေနဲ့ ATEEZ ရဲ့ Variety Show အသစ် 

ATEEZ အဖွဲ့က သူတို့ရဲ့ကိုယ်ပိုင် Variety Show တစ်ခု ရိုက်ကူးနေပြီလို့ သိရပါတယ်။

Kakao M က "ATEEZ Fever Road" ဆိုတဲ့ ရှိုးအသစ်တစ်ခုလာဖို့ရှိတဲ့အကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာပေးခဲ့တာပါ။

ဒီအစီအစဉ်မှာ ATEEZ အဖွဲ့ဝင်တွေရဲ့ အပေးအယူမျှမျှတင်ဆက်မှုတွေ၊ ပေးထားတဲ့တာဝန်အမျိုးမျိုးကို အောင်မြင်အောင်ကြိုးစားကြပုံတွေ၊ ဂိမ်းကစားကြပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

စုစုပေါင်း ၈ ပိုင်း ပါဝင် လာမှာဖြစ်ပြီးတော့ တစ်ပိုင်းကို ၁၅ မိနစ်စီလောက် ကြာမြင့်မယ်လို့သိရပါတယ်။

"ATEEZ Fever Road" အစီအစဉ်ကို အောက်တိုဘာလ ၂၆ ရက်နေ့ကနေစတင်ပြီး အပတ်စဉ် တနင်္လာနေ့နဲ့ ကြာသပတေးနေ့ ကိုရီးယားစံတော်ချိန် နေ့လယ် ၁၂ နာရီမှာ ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး