“Radio Star” အစီအစဉ်မှာပါဝင်ထားတဲ့ TWICE

“Radio Star” အစီအစဉ်မှာပါဝင်ထားတဲ့ TWICE

TWICE အဖွဲ့ကို MBC ရဲ့ “Radio Star” အစီအစဉ်မှာဧည့်သည်အနေနဲ့တွေ့မြင်ရဦးမှာဖြစ်ပါတယ်။

TWICEအဖွဲ့ဟာအောက်တိုဘာလ ၂၆ ရက်နေ့မှာလည်းဒုတိယမြောက်အခွေ “Eyes Wide Open” နဲ့ comeback လာဖို့ရှိပြီး“Radio Star”မှာလည်းပါဝင်လာမယ့်အကြောင်းကိုကြေညာပေးခဲ့တာပါ။

“Radio Star”ကလည်းTWICEအဖွဲ့ဝင်တွေဖြစ်ကြတဲ့ Nayeon, Momo, Sana, Jihyo, Mina, Dahyun, Chaeyoungနဲ့ Tzuyuတို့ ပါဝင်တဲ့ “Radio Star”အပိုင်းသစ်ကိုရိုက်ကူးထားကြောင်းနဲ့ Jeongyeonကတော့ ကျန်းမာရေးအခြေအနေကြောင့် ပါဝင်နိုင်ခြင်းမရှိကြောင်းတို့ကိုကြေညာခဲ့ပါတယ်။

ဒီအပိုင်းမှာTWICEအဖွဲ့ကသူတို့ရဲ့ ငါးနှစ်မြောက် နှစ်ပတ်လည်အကြောင်းတွေနဲ့ comeback အကြောင်းတွေကိုအဓိကပြောပြပေးသွားမှာဖြစ်ပါတယ်။

TWICEအဖွဲ့ပါဝင်ထားတဲ့အပိုင်းသစ်ကိုတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှာထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး