၂၀၂၁ နှစ်ဆန်းပိုင်းမှာစတင်ရိုက်ကူးမယ့် “Peacemaker” ဇာတ်လမ်းတွဲ
HBO Max ရုပ်သံလိုင်းရဲ့ “Peacemaker” ဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာစတင်ရိုက်ကူးတော့မယ် လို့ သိရပါတယ်။
ဒီဇာတ်လမ်းတွဲမှာ WWE မင်းသားကြီး John Cena က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင် လာမှာလည်းဖြစ်ပါတယ်။
အခုရိုက်ကူးမယ့် ပထမဆုံး Season မှာတော့ အပိုင်းစုစုပေါင်း ၈ ပိုင်းပါဝင်လာမယ် လို့ သိရပါတယ်။
ဇာတ်လမ်းနဲ့ ရိုက်ကူးမှုအပိုင်းကို James Gunn က တာဝန်ယူထားပြီးနောက်ထပ်အပိုင်းပေါင်းများစွာဖန်တီးဖို့ရှိတယ်လို့ဆိုပါတယ်။
John Cenaကလည်း“Peacemaker” ဇာတ်လမ်းတွဲရိုက်ကူးဖို့ အလွန်ပဲစိတ်လှုပ်ရှားနေကြောင်းပြောခဲ့ပါတယ်။
“Peacemaker” ကိုကနေဒါနိုင်ငံမှာရိုက်ကူးမယ်လို့ သိရပါတယ်။
















