"Don't Look Up" ဆိုတဲ့ ဇာတ်ကားသစ်တစ်ကား Netflix မှာထုတ်လွှင့်ပြဖို့ရှိနေပါတယ်။
ဟာသဇာတ်ကားအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Adam Mckay က ရိုက်ကူးပေးမှာပဲဖြစ်ပါတယ်။
အစတုန်းကတော့ "Don't Look Up" မှာ Jennifer Lawrence တစ်ယောက်တည်းကိုသာပါဝင်သရုပ်ဆောင်ဖို့အတည်ပြုလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ပါဝင်လာမယ့်သရုပ်ဆောင်တွေ အတော်များများကိုထုတ်ဖော်ပြောခဲ့ပါတယ်။
ပါဝင်လာမယ့်သူတွေကတော့ ဒိတ်ဒိတ်ကြဲနုပညာရှင်တွေဖြစ်ကြတဲ့ Leonardo Dicarpio, Cate Blanchett, Jonah Hill, Rob Morgan, Himseh Patel, Meryl Streep, TimoheeChalamet, Kid Cudi, Matthew Perry, Tomer Sisley နဲ့ Ariana Grndeတို့ပဲဖြစ်ပါတယ်။
တကယ့်နာမည်ကြီးတွေပဲပါဝင်လာမယ့် "Don't Look Up" ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းဒါမှမဟုတ် ၂၀၂၂ ခုနှစ်အစောပိုင်းလောက်မှာ Netflix ကနေ ကြည့်ရှုရမှာဖြစ်ပါတယ်။
















