မလေးရှားနိုင်ငံ၌ အောက်တိုဘာ ၂၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၂၂၈ ဦးဖြင့် တစ်ရက်အတွင်း ကူးစက်သူသစ်စံချိန်တင်ရှိခဲ့ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မလေးရှား၌ COVID-19 ကူးစက်သူ ၂၅၇၄၂ ဦးရှိနေသည်။ အောက်တိုဘာ ၂၄ ရက်တွင် ဆာဘားပြည်နယ်၌ ကူးစက်သူသစ် ၄၄၉ ဦးဖြင့် အများဆုံးရှိခဲ့သည်။
အောက်တိုဘာ ၂၄ ရက်တွင် COVID-19 ဖြင့်သေဆုံးသူသစ် ခုနစ်ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၂၂၁ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
COVID-19 အတည်ပြုလူနာ ၉၂ ဦးသည် ဆေးရုံ၌ ကုသမှုခံယူနေရဆဲဖြစ်ပြီး ၃၁ ဦးသည် အသက်ရှူအကူစက်ဖြင့်နေထိုင်နေရသည်။
ကူးစက်သူဦးရေ တိုးပွားလာမှုကြောင့် အရေးပေါ်အခြေအနေထုတ်ပြန်ရန် စဉ်းစားနေကြောင်း အစိုးရ၏ပြောဆိုမှုကို အတိုက်အခံများက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။
ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်ဦးဆောင်သော အစိုးရသည် အရေးပေါ်အခြေအနေထုတ်ပြန်ပြီး လွှတ်တော်၏လုပ်ဆောင်မှုများကို ကန့်သတ်ရန် ကြိုးပမ်းနိုင်ခြေရှိနေကြောင်း အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ကပြောဆိုခဲ့သည်။

















