ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နိုင်ငံတကာအဖွဲ့ ၁၆ ဖွဲ့က ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စား

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နိုင်ငံတကာအဖွဲ့ ၁၆ ဖွဲ့က ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စား

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စင်ကာပူ၊ ဂျပန်၊ အီတလီ၊စပိန်နှင့် ပြင်သစ် စသည့် နိုင်ငံပေါင်းကိုးခုကျော်မှ အဖွဲ့ပေါင်း ၁၆ ဖွဲ့ကစိတ်ဝင်စားနေကြောင်း အစိုးရ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ် စိတ်ဝင်စားမှုအဆိုပြုလွှာ EOI ကို ၂ဝ၂ဝ ပြည့်နှစ်အောက်တိုဘာ ၁၆ ရက်က စတင်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်သည် လျှောက်လွှာပိတ်သည့်ရက် ဖြစ်သည်။

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်၊ ပထမအဆင့်တွင် စက်မှုဇုန်၊ တန်ဖိုးနည်း အိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများ ပါဝင်သည်။တင်ဒါလုပ်ငန်းစဉ်၏ပထမအဆင့်အဖြစ် စီမံကိန်း ရင်းနှီး တည်ဆောက်ရန် စိတ်ပါဝင်စားကြောင်းအဆိုပြုလွှာ EOI များကို နောက်ဆုံးထား တင်သွင်းရန် သတ်မှတ်ခဲ့သော၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၂၂ ရက်အထိ စာရင်းအရ အဖွဲ့ပေါင်း ၁၆ ဖွဲ့ထံမှ အဆိုပြုလွှာများ ရရှိထားခြင်းဖြစ်သည်။

စင်ကာပူ၊ ဂျပန်၊ အီတလီ၊ စပိန်နှင့် ပြင်သစ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံရှိ ကုမ္ပဏီ/အကျိုးတူပူးပေါင်းအဖွဲ့ (Consortium) ၁၆ ဖွဲ့ထံမှ အဆိုပြုလွှာများ လက်ခံရရှိထားကြောင်း ဖော်ပြထားပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီ နှစ်ခုနှင့် အကျိုးတူပူးပေါင်းအဖွဲ့ နှစ်ဖွဲ့တို့ ပါဝင်သည်ဟုဖော်ပြထားသည်။

ယခုစီမံကိန်းသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား ဖြစ်သော ရန်ကုန်မြို့တော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုခိုင်မာ အားကောင်းစေမည် ဖြစ်သည့်အပြင် အခြားသောတိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက တင်ဒါ (Swiss Challenge)ခေါ်ယူနိုင်ရေး အကြံပေး ဝန်ဆောင်မှုလုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေးထိုးပွဲတွင် ပြောထားသည်။

ရန်ကုန်တိုင်း ဒေသကြီးသည်စီးပွားရေးအရ အချက်အချာ ကျပြီးမြန်မာ့အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP ၏ ၂၆ ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနေရာ စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာသည်နှင့်အမျှရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ထို့အတွက် အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအပါအဝင် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့်တောင်ဘက် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်ကိုတည်ဆောက်ရန် Swiss Challenge တင်ဒါ ကော်မတီအဖွဲ့သည် စီမံကိန်းရင်းနှီးတည်ဆောက်သူကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရွေးချယ်နိုင်ရန် နိုင်ငံတကာ အကြံပေး ဝန်ဆောင်သူ Transaction Advisor အဖြစ်ဂျာမနီနိုင်ငံအခြေစိုက် Roland Berge အကြံပေးအဖွဲ့ကို ရွေးချယ်ဆောင်ရွက်စေခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး