Netflix မှာ ပြသသွားမယ့် Park Shin Hye ရဲ့ ရုပ်ရှင်သစ်

Netflix မှာ ပြသသွားမယ့် Park Shin Hye ရဲ့ ရုပ်ရှင်သစ်

Park Shin Hye ရဲ့ "Call" ဆိုတဲ့ရုပ်ရှင်အသစ်ကို Netflix မှာ ပြသသွားမယ်လို့သိရပါတယ်။

COVID-19 ရောဂါ ကြောင့် ပြသဖို့အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး အခုတော့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်လွှင့်ပြသမယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒီဇာတ်ကားမှာ Park Shin Hye နဲ့ အတူ Jeon Jong Seo, Lee Elle နဲ့ တခြား သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပြီး ဒါရိုက်တာ Lee Chung Hyun က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။

Park Shin Hye ရဲ့ "Alive" ဆိုတဲ့ ဇွန်ဘီဇာတ်ကားကလည်း ဒီနှစ်ထဲမှာထွက်ရှိထားပြီး အောင်မြင်မှုလည်း အတော်လေးရရှိခဲ့ပါတယ်။

Park Shin Hye ရဲ့ ဇာတ်လမ်းတွဲအသစ်အနေနဲ့ဆိုရင်တော့ မင်းသား Jo Seung Woo နဲ့အတူ သရုပ်ဆောင်ထားတဲ့ JTBC ရဲ့ "Sisyphus: The Myth" ဇာတ်လမ်းတွဲက ၂၀၂၁ ခုနှစ်အတွင်းမှာ ထွက်လာဖို့ရှိတယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး