FNC Entertainment နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ CNBLUE

FNC Entertainment နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ CNBLUE

CNBLUE အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jung Yong Hwa, Kang Min Hyuk နဲ့ Lee Jung Shin တို့က FNC Entertainment နဲ့ စာချုပ်သက်တမ်း ထပ်တိုးလိုက်တယ်လို့သိရပါတယ်။

CNBLUE ရဲ့ အဖွဲ့ဝင်သုံးယောက်က အေဂျင်စီနဲ့စာချုပ်အသစ်ထပ်ချုပ်ခဲ့ကြောင်းကို FNC Entertainment က ကြေညာခဲ့ပါတယ်။

CNBLUE အဖွဲ့က ဒီနှစ်ကုန်ပိုင်းလောက်မှာ အခွေအသစ်နဲ့ comeback လာဖို့လည်း ရှိနေပါတယ်။

CNBLUE ဟာ ၂၀၁၀ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး "I'm a Loner", "I'm Sorry" နဲ့ "Can't Stop" သီချင်းတွေကတော့ သူတို့အဖွဲ့ရဲ့ အောင်မြင်ကျော်ကြားတဲ့သီချင်းတွေပဲဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ထဲမှာ အဖွဲ့ဝင်သုံးယောက်လုံးက စစ်မှုထမ်း တာဝန်တွေအသီးသီးပြီးဆုံးသွားပြီး အနုပညာလှုပ်ရှားမှုတွေပြန်လည်စတင်နေပြီဖြစ်ပါတယ်။

CNBLUE ရဲ့ စတုတ္ထမြောက်အဖွဲ့ဝင် Lee Jong Hyun ကတော့ ၂၀၁၉ ခုနှစ်မှာ အဖွဲ့ကနေထွက်ခွာသွားတာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး