Lee Kwang Soo ကို အပြင်မှာ ဆုံတွေ့ခွင့်ရချင်နေတဲ့ Yuching

Lee Kwang Soo ကို အပြင်မှာ ဆုံတွေ့ခွင့်ရချင်နေတဲ့ Yuching

ထိုင်ဝမ် Idol အဖွဲ့ C.T.O ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Yuching က လတ်တလောမှာ အာရှမင်းသားလေး Lee Kwang Soo နဲ့ ရုပ်ချင်းဆင်တယ်ဆိုပြီးနာမည်ကြီးနေပါတယ်။

အခု Yuching က C.T.O အဖွဲ့နဲ့အတူ ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး Lee Kwang Soo နဲ့ တွေ့ခွင့်ရချင်ပါတယ်လို့ သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

Yuching ဟာ အစီအစဉ်တစ်ခုမှာပါဝင်ခဲ့ကတည်းက Lee Kwang Soo နဲ့ ရုပ်ချင်းဆင်တယ် ဆိုပြီး မီဒီယာတွေ မှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။

သူကိုယ်တိုင်ကလည်း Lee Kwang Soo ကို နှစ်သက်တာ ကြောင့် စီနီယာဖြစ်သူ Lee Kwang Soo နဲ့ တွေ့ဆုံချင်ကြောင်းကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

C.T.O အဖွဲ့က Reality Series တစ်ခုကိုရိုက်ကူးဖို့ အောက်တိုဘာလဆန်းပိုင်းကတည်းက တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိ နေကြတာဖြစ်ပြီး ၁၄ ရက် quarantine ဝင်နေရတာလည်းဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး