Shah Rukh Khan, Deepika Padukone နဲ့ John Abraham တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "Pathan" ရုပ်ရှင်ကားက မကြာခင်မှာစတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။
ဇာတ်ကားစတင်ရိုက်ကူးတဲ့ ပထမဆုံးနှစ်လကို တော့ Shah Rukh Khan ရဲ့ ဇာတ်ဝင်ခန်းတွေကို ဦးစားပေးရိုက်ကူးမှာဖြစ်ပါတယ်။
Deepika Padukone နဲ့ John Abraham တို့ကတော့ နောက်နှစ် ဇန်နဝါရီလလောက်မှာမှ စတင်ရိုက်ကူးမယ်လို့သိရပါတယ်။
မင်းသား ကြီး Shah Rukh Khan ဟာ ဒီရုပ်ရှင်အတွက် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေနဲ့ ဆံပင်အရှည်တွေလည်း ထားထားရပါတယ်။
၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Zero" ရုပ်ရှင်နောက်ပိုင်းမှာ ဇာတ်ကားသစ်ထပ်မထွက် တာကြောင့် ပရိသတ်တွေနဲ့အလှမ်းဝေးနေတဲ့ Shah Rukh Khan တစ်ယောက် ဇာတ်ကားသစ်စတင်ရိုက်ကူး နေတာကြောင့် သူ့ရဲ့ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာသတင်းကောင်းပဲဖြစ်ပါတယ်။
















