Netflix ရဲ့ "In Wonder" documentary မှာ Shawn Mendes က ဘဝအကြောင်းတွေ၊ အဆိုတော်တစ် ယောက်အဖြစ် ရပ်တည်မှုတွေနဲ့ ပရိသတ်တွေစိတ်ဝင်စားကြတဲ့ သူ့ရဲ့အချစ်ရေးကိစ္စတွေကို ပြောခဲ့ပါတယ်။
လောလောဆယ်မှာတော့ ဒီမှတ်တမ်းရဲ့နမူနာပဲအရင်ထွက်ရှိထားတာဖြစ်ပြီး နမူနာထဲမှာ Shawn Mendes က ချစ်သူ Camila Cabello နဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းပြောသွားခဲ့တာကိုတွေ့ရပါတယ်။
သူ့ရဲ့အရာအားလုံး က Camila ဖြစ်ပြီး သူဖန်တီးတဲ့သီချင်းတွေအားလုံးကလည်း Camila အတွက်ပဲလို့ Shawn Mendes က ပြောသွားခဲ့ပါတယ်။
Shawn Mendes နဲ့ Camila တို့ဟာ "Senorita" ဆိုတဲ့ သီချင်းကို အတူသီဆိုပြီးနောက် ပိုင်းမှာ တတွဲတွဲဖြစ်ပြီး ချစ်သူတွေဖြစ်ခဲ့ကြတာပါ။
Shawn Mendes ပါဝင်ထားတဲ့ "In Wonder" documentary ကိုတော့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာစတင်ပြီး Netflix ကနေ ကြည့်ရှုလို့ရပြီဖြစ်ပါတယ်။
















