လှည်းကူးမြို့နယ်တရားရုံးမှ အမှုဖြင့်သိမ်းဆည်းထားသည့် သက်သေခံကား(၃)စီးမှအစိပ်အပိုင်းခိုးယူကြသူများကို ဖမ်းဆီး အရေးယူထား အောက်တိုဘာ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ၂၄ ရက်ညနေ ၅ နာရီအချိန်တွင် လှည်းကူးမြို့နယ် မြို့မရပ်၊နိဗ္ဗာန်လမ်းရှိလှည်းကူးမြို့နယ် တရားရုံးမှ သိမ်းဆည်းထားသည့် သက်သေခံယာဉ် ၆ စီးအနက်မှ ယာဉ် ၃ စီး၏ကားပစ္စည်းအစိတ်အပိုင်းများကို လူသုံးဦးက ဖြုတ်ယူနေသဖြင့်လှည်းကူးမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး နိုင်ဝင်းနှင့်အဖွဲ့က ဖမ်းမိထားကြောင်းသတင်းအရ လှည်းကူးမြို့နယ် တရားရုံးဘိလစ် စာရေးကြီးဦးစိန်လင်းဦးက သွားရောက်ကြည့်ရှုခဲ့သည်။
စစ်ဆေးချက်အရ အမှုဖြင့် သိမ်းဆည်းထားသည့်မော်တော်ယာဉ်များမှဆီတိုင်ကီ ၂ လုံး၊ကားအိပ်ဇောပိုက်တစ်ချောင်း၊ကားရှေ့ဘမ်ဘာတစ်ခု၊ယာဉ်အောက်ပိုင်းရှပ်တန်း၂ခု၊ယာဉ်အောက်ဘယ်ညာဘေးတန်း ၂ ခုစုစုပေါင်းကျပ် ၅ သိန်းဖိုး ခန့်ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ဖမ်းဆီးရမိသူ ၄ ဦးမှာ၊လှည်းကူးမြို့နယ်နေ ဟန်ဇော်ဝင်း၊(၂၆)နှစ်၊ကျော်မောင်မောင်ဝင်း၊(၄၂)နှစ်၊ကျော်ဇေဦး(၃၇)နှစ် နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ မျိုးလွင်(၃၀)နှစ် တို့ဖြစ်ကြောင်းသိရသည်။၎င်းတို့ဖြုတ်ခိုးနေသောကားအစိတ်အပိုင်းများမှာ ယခုနှစ် မတ်လ ၃ ရက်နေ့က မြို့နယ်တရားရုံး၏ရာကြီးအမှတ်(၅၃၂၃/၂၀၁၉)အမှုမှပြည်သူ့ဘဏ္ဍာအနေဖြင့်သိမ်းဆည်းထားသည့်သက်သေခံမော်တော်ယာဉ် ၃ စီး၏ အစိတ်အပိုင်းများဖြစ်ကြောင်း စစ်ဆေးသိရသဖြင့်အရေးယူပေးရန်အောက်တိုဘာ၂၅ ရက်နေ့တွင်တိုင်ကြားခဲ့သည်။
လှည်းကူးမြို့မရဲစခန်း(ပ)၁၅၀၈/၂၀၂၀ပြည်သူပိုင်ပစ္စည်းကာကွယ်ဆောင့်ရှောက်ရေးဥပဒေပုဒ်မ၆(၁)အရအမှုဖွင့်အရေးယူထားသည်။

















