ကသာမြို့၌ တစ်လကျော်ကာလအတွင်း COVID-19 ရောဂါပိုးမတွေ့ရှိခဲ့ရာက ငါးဦးတွင် ရောဂါပိုးပြန်လည်တွေ့ရှိ

ကသာမြို့၌ တစ်လကျော်ကာလအတွင်း COVID-19 ရောဂါပိုးမတွေ့ရှိခဲ့ရာက ငါးဦးတွင် ရောဂါပိုးပြန်လည်တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် တစ်လကျော်အချိန် ကာလအတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူမရှိခဲ့ရာက Quarantine ဝင်ရောက်နေသူများထဲမှ ငါးဦးတွင်ရောဂါပိုးတွေ့ရှိခဲ့ကြောင်းအောက်တိုဘာ၂၆ရက်တွင် သိရသည်။

ကသာမြို့တွင် Quarantine ဝင်ရောက်နေသည့် ကျား၂၁ ဦး၊ မ ၁၇ဦး စုစုပေါင်း ၃၈ ဦးကို Swab ရယူပြီးအောက်တိုဘာ ၂၃ ရက်က မန္တလေးမြို့ရှိ အမျိုးသားကျန်းမားရေး ဓာတ်ခွဲဌာနသို့ပေးပို့စစ်ဆေးရာတွင် ကနဦးတွေ့ရှိချက်အရ ငါးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း အဖြေထွက်ရှိခဲ့ပြီး ကျန် ၃၃ ဦးအား ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

''အခု Positive ငါးဦးကလည်း Quarantine ကို တိုက်ရိုက်ဝင်ခဲ့ကြတာပါ။ သူတို့ငါးဦးစလုံး ဆေးရုံက ICU ကို ညတွင်းချင်းပို့ဆောင်ပေးပြီးပါပြီ ' ဟု ကသာမြို့ မျိုးဆက်သစ်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှယာဉ်မောင်းဦးမင်းသန်းထိုက်က ပြောသည်။

COVID-19 အတည်ပြုလူနာငါးဦးမှာ အသက်(၄၃)နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက်(၅၈)နှစ်အမျိုးသားတစ်ဦး၊အသက်(၄၉)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက်(၇၆)နှစ်အမျိုးသမီးတစ်ဦးနှင့် မန္တလေးမြို့ဦးနှောက်နှင့် အာရုံကြောကလေးဆေးရုံမှ ဆေးကုသမှုခံယူ၍ပြန်လာသည့်တစ်လခွဲသားအရွယ်က လေးငယ်လေးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်က မြို့ဝင်မြို့ထွက်မှာတာဝန်ယူထားရတယ်။ ပြောချင်တာအဓိကကတော့စစ်ဆေးဂိတ်ကို ရောက်လာတဲ့သူတွေဟာခရီးသွား ရာဇဝင်ကိုအမှန်တိုင်းပြောဖို့လိုပါတယ်။ ဂိတ်မှာတော့ ခရီးသွားခရီးပြန်နဲ့ လာသမျှကိုအကုန်စိစစ်တယ်။ ခုတွေ့ရတာကခရီးသွား၊ ခရီးပြန်ကနေ ပိုးတွေ့တာပါ။မြို့တွင်းမှာ ကျန်းမာရေးအသိပညာပေးထားတဲ့အတိုင်း လိုက်နာရင် မြို့တွင်းကူးစက်မှုမရှိပဲ ရပ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်''ဟု ကသာမြို့ ပရဟိတ လူငယ်များ ကွန်ရက်လူထုအကျိုးပြု အသင်းဥက္ကဌ ဦးတင်မြင့်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး