"River Where the Moon Rises" ရဲ့ အဓိကသရုပ်ဆောင်တွေကို အတည်ပြုကြေညာ

"River Where the Moon Rises" ရဲ့ အဓိကသရုပ်ဆောင်တွေကို အတည်ပြုကြေညာ

"River Where the Moon Rises" လို့ ယာယီနာမည်ပေးထားတဲ့ နန်းတွင်းဇာတ်လမ်းတွဲမှာ ပါဝင်လာမယ့် အဓိကသရုပ်ဆောင်တွေကို အတည်ပြုကြေညာလိုက်ပါပြီ။

မင်းသမီးလေးနဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်း ပုံဖော်ရိုက်ကူးမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။

မင်းသမီး Kim So Hyun က အဓိကဇာတ်ဆောင် မင်းသမီးလေးအဖြစ်ပါဝင်လာမယ်ဆိုတာ ကြေညာခဲ့ပြီးဖြစ်ပါတယ်။

Ji Soo ကတော့ မင်းသမီးလေးကိုချစ်ကြိုက်မိတဲ့ On Dal နေရာကနေ ပါဝင်ရမှာဖြစ်ပြီး Kang Ha Neul က On Dal ရဲ့ ဖခင် အဖြစ် ပါဝင်သရုပ်ဆောင်ရမှာပါ။

Lee Ji Hoon ကတော့ အစစအရာရာပြီးပြည့်စုံနေတဲ့ စစ်ဗိုလ်ချုပ်ကြီးနေရာ ကနေ ပါဝင်လာမှာဖြစ်ပါတယ်။

အခုအတည်ပြုကြေညာထားတဲ့သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေကို အပြီး သတ်ရွေးချယ်ထားတာဖြစ်ပြီး အပြောင်းအလဲထပ်မံရှိတော့ဘူးလို့ဆိုပါတယ်။

ဒီဇာတ်လမ်းကို Han Ji Hoon က ရေးသားပြီး ဒါရိုက်တာ Yoon Sang Ho က ရိုက်ကူးပေးမှာဖြစ်ပါတယ်။

ထုတ်လွှင့်ပြသမယ့်အချိန်ကတော့ ၂၀၂၁ ခုနှစ် နှစ်ဝက်ပိုင်းလောက်ဖြစ်မယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး