စစ်မှုထမ်းဖို့စာရင်းပေးသွင်းခဲ့တဲ့ Hui
PENTAGON အဖွဲ့ဝင် Hui ကတော့ စစ်မှုထမ်းတာဝန်ထမ်းဆောင်ဖို့ စာရင်းပေးသွင်းလိုက်ပြီဖြစ်ပါတယ်။
စစ်မှု ထမ်းဖို့အတွက် လေ့ကျင့်ရေးစင်တာကိုဒီဇင်ဘာလ ၃ ရက်နေ့မှာသွားရောက်ရမယ်လို့ Cube Entertainment က ကြေညာခဲ့ပါတယ်။
လေ့ကျင့်ရေးစင်တာမှာတစ်လကြာသင်ယူပြီးရင်တော့ လူထုအတွက်ဝန်ဆောင်မှုပေးသူတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရမှာပဲဖြစ်ပါတယ်။
Hui ဟာ PENTAGON အဖွဲ့ထဲမှာJinho ပြီးရင် ဒုတိယမြောက်စစ်မှုထမ်းမယ့်သူဖြစ်ပြီးJinhoကတော့ မေလမှာစတင်စစ်မှုထမ်းခဲ့တာပါ။
PENTAGON ဟာမကြာသေးမီကပဲဒသမမြောက်မီနီအယ်လ်ဘမ် "WE:TH" နဲ့ comeback လုပ်ထားတာဖြစ်ပါတယ်။
















