ချစ်သူနဲ့လက်ထပ်တော့မယ့်အကြောင်းကြေညာခဲ့တဲ့ BewhY

ချစ်သူနဲ့လက်ထပ်တော့မယ့်အကြောင်းကြေညာခဲ့တဲ့ BewhY

ရက်ပ်အဆိုတော် BewhY ကတော့ သူလက်ထပ်တော့မယ့်အကြောင်းကို အင်စတာဂရမ်ကနေတစ်ဆင့် ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။

သူယုံကြည်တန်ဖိုးထားရတဲ့ ဘဝလက်တွဲဖော်ရသွားတဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြရတာအလွန်ပဲကျေနပ်ပျော်ရွှင်မိတယ်လို့ BewhY က ဆိုပါတယ်။

BewhY အသက် ၂၀ အရွယ်ဝန်းကျင်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး ချစ်သူသက်တမ်း ၈ နှစ် အကြာမှာတော့ သာယာပျော်ရွှင်တဲ့ မိသားစုတစ်ခုကိုတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

ချစ်သူဖြစ်နေကြတဲ့အချိန်အတောအတွင်းမှာ လည်း တိုက်ခိုက်မှုတွေမျိုးစုံခံခဲ့ရပြီး သူမရဲ့ဆိုရှယ်မီယာအကောင့်တွေကို နှစ်ကြိမ်တိုင်အောင်ဖျက်ခဲ့ရတယ်လို့ ဆိုပါတယ်။

မင်္ဂလာပွဲကို COVID-19 ကြောင့် မိသားစုဝင်တွေနဲ့ပဲကျင်းပဖြစ်မှာဖြစ်ပြီး သတို့သမီးက သာမန် မိန်းကလေးဖြစ်တာကြောင့် မင်္ဂလာပွဲနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုတော့ မထုတ်ပြန်တော့ဘူး လို့သိရပါတယ်။

စစ်မှုထမ်းတာဝန်မထမ်းဆောင်ခင် မင်္ဂလာပွဲကျင်းပဖို့စီစဉ်ထားပြီး ချစ်ခင်အားပေးတဲ့ပရိသတ် တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး