နောက်ထပ်နှစ်ကားရိုက်ကူးပြီးရင် အဆုံးသတ်တော့မယ့် "Fast & Furious"
ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိနေဆဲဖြစ်တဲ့ "Fast & Furious" ရုပ်ရှင်ကတော့ နောက်ထပ် နှစ်ကားပြီးရင် ထပ်မံရိုက်ကူးဖို့မရှိတော့ပဲ အဆုံးသတ်တော့မယ်လို့ သိရပါတယ်။
ရိုက်ကူးဖို့ရှိတဲ့နှစ်ကားကို လည်း ဒါရိုက်တာ Justin Lin နဲ့ပဲ ဆက်လက်ရိုက်ကူးဖို့ဆန္ဒရှိနေပြီး ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
နောက်ဆုံးရိုက်ကူးထားတာကတော့ "Fast & Furious 9" ဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့ မှာ ရုံတင်ပြသမယ်လို့ကြေညာထားပါတယ်။
"Fast & Furious 9" မှာ Vin Diesel, John Cena, Michelle Rodriguez, Jordan Brewster, Charlize Theron, Cardi B တို့နဲ့အတူ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားတာဖြစ်ပါတယ်။
















