ဘောလိဝုဒ်မင်းသားကြီး Sanjay Dutt ရဲ့ အဆုတ်ကင်ဆာဝေဒနာက သက်သာပျောက်ကင်းသွားပြီလို့ သိရပါ တယ်။
၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ ဒီရောဂါကိုစတင်ခံစားခဲ့ရပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဆေးကုသမှုတွေသေသေချာချာခံယူခဲ့တာကြောင့် Sanjay Dutt တစ်ယောက် ရောဂါ လုံးဝပျောက်ကင်းသွားပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တာပါ။
အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်တဲ့ ရောဂါဆိုး ကြီးကို ကျော်လွှားနိုင်ခဲ့တဲ့အတွက် သူကိုယ်တိုင်လည်းပျော်ရွှင်နေပြီး တိုက်ဆိုင်စွာနဲ့ပဲ သားဖြစ်သူ ၁၀ နှစ်ပြည့် မွေးနေ့မှာ ဆေးစစ်ချက်အဖြေသိခဲ့ရတာကြောင့် ပြောမပြနိုင်အောင်ဝမ်းသာရတယ်လို့ Sanjay Dutt က ပြောခဲ့ ပါတယ်။
ရောဂါဖြစ်နေချိန်မှာ စိတ်ပူပေးကြသူတွေ၊ ဖေးမကူညီပေးကြသူတွေ၊ ပျောက်ကင်းအောင်ကုသပေး ခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ ဆုတောင်းပေးကြတဲ့ပရိသတ်တွေအားလုံးကိ ကျေးဇူးတင်ကြောင်းလည်း Sanjay Dutt က ပြောခဲ့ပါတယ်။
















