တန်ဖိုးကြီး အဆောက်အဦတစ်ခု ဝယ်လိုက်ပြန်တဲ့ Park Seo Joon

တန်ဖိုးကြီး အဆောက်အဦတစ်ခု ဝယ်လိုက်ပြန်တဲ့ Park Seo Joon

မင်းသား Park Seo Joon က ဆိုးလ်မြို့ ဂန်းနမ်းမှာရှိတဲ့အဆောက်အဦတစ်ခုကို ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။

အဆောက်အဦရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၉.၇ သန်း ရှိပြီး ဒီနှစ်နွေဦးလောက်မှာ ဝယ်ယူလိုက် တာလို့ သိရပါတယ်။

ခြောက်ထပ်အဆောက်အဦဖြစ်ပြီး Apgu jeong မြောက်အောက်ရထားဘူတာနဲ့လည်း နီးတာကြောင့် စီးပွားရေးလုပ်ဖို့နေရာကောင်းလို့လည်းပြောလို့ရပါတယ်။

Park Seo Joon ကိုယ်တိုင်စီးပွားရေး လုပ်ဖို့တော့ လောလောဆယ်မှာအစီအစဉ်မရှိသေးပေမယ့် တိုက်ခန်းတွေကိုပြန်လည်ငှားမယ်ဆိုတဲ့ သတင်း တွေထွက်နေပါတယ်။

Park Seo Joon ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ "Dream" ဆိုတဲ့ ရုပ်ရှင်ကို IU နဲ့အတူ ရိုက်ကူးထားပြီး မကြာခင်မှာထွက်လာဖို့ရှိတယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး