"If You Cheat, You Die" ဇာတ်လမ်းတွဲပိုစတာထွက်ရှိ
KBS ရုပ်သံလိုင်းရဲ့ "If You Cheat, You Die" ဇာတ်လမ်းတွဲရဲ့ ပိုစတာအသစ် ထွက်ရှိလာပြီဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲမှာ Goo Joon နဲ့ Jo Yeo Jeong တို့ ပါဝင်သရုပ်ဆောင်ထားပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဇာတ်လမ်းကို ဟာသနှောပြီး ရိုက်ကူးထားတယ်လို့သိရပါတယ်။
Jo Yeo Jeong ကတော့ နာမည်ကြီး မှုခင်း ဝတ္ထုစာရေးဆရာမတစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။
အခုထွက်လာတဲ့ပိုစတာကလည်း Jo Yeo Jeong ပုံနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။
ပုံထဲမှာတော့ Jo Yeo Jeong က စာအုပ်တစ်အုပ်ကိုင်ထားတာ တွေ့ရပါ တယ်။
ဒီဇာတ်လမ်းတွဲမှာ အပိုင်း ၃၂ ပိုင်း ပါဝင်လာမှာဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
















