A.C.E နဲ့ OnlyOneOf အဖွဲ့နှစ်ဖွဲ့လုံး COVID-19 ရောဂါပိုးရှိ၊မရှိ စစ်ဆေးထားရာမှာ ကံကောင်းစွာနဲ့ပဲ အားလုံး negative အဖြေ ထွက်တယ်လို့သိရပါတယ်။
ဒီအကြောင်းကိုတော့ သူတို့ရဲ့အေဂျင်စီတွေက သတင်းထုတ်ပြန် ပေးခဲ့တာဖြစ်ပါတယ်။
A.C.E ရဲ့ အေဂျင်စီ Beat Interactive ကတော့ A.C.E အဖွဲ့ဝင်ငါးယောက်နဲ့အတူ မန်နေဂျာနှစ်ယောက်နဲ့ ဆံပင်မိတ်ကပ်ဆရာနှစ်ယောက် စုစုပေါင်း ၉၉ ယောက်ကို ဆေးစစ်ရာမှာ အားလုံး ပိုးမရှိအဖြေထွက်ခဲ့ပါတယ်။
ဒါပေမယ့် အစိုးရကချမှတ်ထားတဲ့ညွှန်ကြားချက်အတိုင်း ၁၄ ရက် သီးသန့်ခွဲပြီး ဆက်လက်နေထိုင်ရမှာဖြစ်တာကြောင့် အခုရက်ပိုင်းမှာတော့ ဘာလှုပ်ရှားမှုမှမရှိသေးဘူးလို့ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
OnlyOneOf အဖွဲ့ရဲ့ အေဂျင်စီ RSVP ကလည်း အဖွဲ့ဝင် ၇ ယောက်လုံးမှာ ပိုးမရှိအဖြေ ထွက်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး အားလုံးဘေးကင်းလုံခြုံဖို့အတွက် ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာသွားပါ့မယ်လို့ ပြောကြားခဲ့ပါတယ်။
















