Joker အဖြစ် ပြန်လည်တွေ့မြင်ရမယ့် Jared Leto

Joker အဖြစ် ပြန်လည်တွေ့မြင်ရမယ့် Jared Leto

“Suicide Squad” ရုပ်ရှင်ဇာတ်ကားမှာ Joker နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jared Leto ကို Joker အဖြစ် နောက်တစ်ကြိမ်ပြန်မြင်ရတော့မှာဖြစ်ပါတယ်။

Jack Nicholson နဲ့ Heath Ledger တို့ နောက်ပိုင်း Joker အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jared Leto ဟာ Joker ဇာတ်ရုပ်နဲ့လိုက်ဖက်မှုမရှိဘူးဆိုပြီး ဝေဖန် ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “The Joker” ဇာတ်ကားမှာတော့ Joaquin Phoenix နဲ့ အစားထိုးခဲ့ပါ တယ်။

ဒါပေမယ့်လည်း DC ရဲ့ “Justice League” မှာ Jared Leto ကို Joker အဖြစ် ပြန်မြင်တွေ့ရဖို့ရှိပြီး Batman နေရာမှာလည်း Robert Pattinson မဟုတ်ပဲ Ben Affleck ကိုပဲ ပါဝင်သရုပ်ဆောင်စေမှာဖြစ်ပါတယ်။

Zack Synder Version အနေနဲ့ထွက်ရှိလာမယ်လို့သိရပြီး ဇာတ်ကားကြာချိန် ၄ နာရီလောက်ရှိမှာပါ။

Justice League” ကိုတော့ ၂၀၂၁ ခုနှစ်ထဲမှာ HBO Max ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး