ဇာတ်လမ်းတွဲအသစ်ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတဲ့ Seo Ye Ji

ဇာတ်လမ်းတွဲအသစ်ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတဲ့ Seo Ye Ji

OCN ရဲ့ “Island” ဆိုတဲ့ ဒရာမာအသစ်မှာSeo Ye Ji ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။

“Island” မှာပါဝင်သရုပ်ဆောင်ပေးဖို့ Seo Ye Ji ကိုကမ်းလှမ်းထားကြောင်းသူမရဲ့အေဂျင်စီ Gold Medalist က ပြောပါတယ်။

ဒီဇာတ်ကားကတော့ ဂျယ်ဂျူကျွန်းပေါ်က လျှို့ဝှက်ချက်တွေနဲ့ လူတွေကိုဖျက်ဆီးပစ်ဖို့ကြိုးစားနေကြတဲ့မှင်စာတွေအကြောင်းပဲဖြစ်ပါတယ်။

မင်းသမီးSeo Ye Ji က မှင်စာတွေအဓိကပစ်မှတ် ထားနေတဲ့ ချမ်းသာတဲ့မိသားစုရဲ့သမီး Won Mi Ho နေရာကနေပါဝင်သရုပ်ဆောင်ရမှာပါ။

“Island” မှာအပိုင်း ၈ ပိုင်းပါဝင်လာမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်ဝက်လောက်မှာထုတ်လွှင့်ပြသဖို့စီစဉ်နေတယ်လို့ သိရပါ တယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး