RED Velvet အဖွဲ့ဝင် Irene ရဲ့ သတင်းဆိုးတွေ ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခံရပြီးတဲ့နောက်မှာတော့ သူမရဲ့ဓာတ်ပုံပါတဲ့ကြော်ငြာတွေကို ကုမ္ပဏီတွေကဖြုတ်ချနေကြပါတယ်။
Stylist တစ်ယောက်က Irene ရဲ့ ရိုင်းစိုင်းမောက်မာတဲ့ပြုမူ ပြောဆိုပုံတွေကိုဖော်ထုတ်ပြီးနောက်ပိုင်းမှာ အကြီးအကျယ်ဝေဖန်ခံနေရပြီး Irene နဲ့ သူမရဲ့အေဂျင်စီကလည်းအပြစ်တွေအတွက် ဝန်ခံတောင်းပန်ခဲ့ရပါတယ်။
ဒီအဖြစ်အပျက်တွေကြောင့် Irene နဲ့ လက်တွဲခဲ့တဲ့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး အမှတ်တံဆိပ်တစ်လုဖြစ်တဲ့ CLINQUE က သူတို့ရဲ့ ဝက်ဘ်ဆိုက်ဒ်က Irene ပုံတွေကိုဖြုတ်ချခဲ့ပြီး Olive Young နဲ့ SSG.com တို့ကလည်း Irene ဓာတ်ပုံအသုံးပြု ထားတဲ့ကြော်ငြာတွေမှန်သမျှကို ဖြုတ်ပစ်ခဲ့တာတွေ့ရပါတယ်။
Irene ကတော့ သူမရဲ့မရင့်ကျက်တဲ့အပြုအမူတွေ အတွက်တောင်းပန်ခဲ့ပြီး အခုလိုမျိုးနောက်ထပ်မဖြစ်အောင် ဂရုစိုက်သွားပါ့မယ်လို့ ပြောထားခဲ့ပါတယ်။
















