Olaf အကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းတိုထွက်ရှိလာ

Olaf အကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းတိုထွက်ရှိလာ

၂၀၁၃ ခုနှစ်မှာစတင်ထွက်ရှိခဲ့တဲ့ “Frozen” ဇာတ်ကားထဲက Olaf လေးကိုမသိတဲ့သူမရှိလောက်ဘူးထင်ပါ တယ်။

“Frozen” ဇာတ်လမ်းမဖြစ်လာခင် Olaf လေးက Elsa နဲ့ Anna တို့ဆီကိုဘယ်လိုမျိုးရောက်လာခဲ့လည်းဆိုတာကိုရိုက်ကူးထားတဲ့ “Once Upon A Snowman” ဇာတ်လမ်းတိုလေးကို Disney+ မှာ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတိုလေးကို ပြီးခဲ့တဲ့သောကြာနေ့က Disney+ မှာစတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ကြာချိန် ၈ မိနစ်သာရှိတာဖြစ်ပါတယ်။

အချိန်လောက်ဘယ်လောက်မှပေးစရာမလိုတာကြောင့် Olaf ကိုချစ်ကြတဲ့ “Frozen” ပရိသတ်တွေအတွက်တော့ လက်မလွှတ်ပဲကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး