Justin Bieber ရဲ့ တတိယမြောက်မှတ်တမ်းရုပ်ရှင်ထွက်ရှိ
အဆိုတော် Justin Bieber ရဲ့ တတိယမြောက်မှတ်တမ်းရုပ်ရှင် ထွက်ရှိလာပြီဖြစ်ပါတယ်။
မှတ်တမ်းရုပ်ရှင်ရဲ့ နာမည်ကတော့ "Justin Bieber: Next Chapter" ဖြစ်ပြီး နမူနာလည်းထွက်ရှိလာပြီ ဖြစ်ပါတယ်။
ရှေ့မှာတော့ "Justin Bieber: Never Say Never" နဲ့ " Justin Bieber: Believe" တို့ ထွက်ရှိထားပြီး နှစ်ကားလုံးကလည်း ပရိသတ်အားပေးမှုကိုအပြည့်အဝရရှိထားပါတယ်။
အခုထွက်ရှိလာမယ့်မှတ်တမ်းရုပ်ရှင်ထဲမှာ ဒီနှစ်ထဲမှာ သူကြုံ တွေ့ခဲ့ရတဲ့အခက်အခဲတွေ၊ ဇနီးဖြစ်သူ Hailey ရဲ့ ဖေးမမှုတွေနဲ့ သူငယ်ချင်းတွေရဲ့အကူအညီနဲ့ ဖြတ်သန်းခဲ့ရ တဲ့အချိန်တွေအကြောင်း အဓိကပါဝင်မှာဖြစ်ပါတယ်။
"Justin Bieber: Next Chapter" ကတော့ ဒီနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထွက်ရှိလာမယ်လို့သိရပါတယ်။
















