COVID-19 ကပ်ရောဂါကြောင့် စားသုံးသူများ၏ ဝယ်လိုအားထိခိုက်ခဲ့သဖြင့် ဂျပန်၌ လက်လီစျေးကွက်ကုန်သွယ်မှုပမာဏသည် စက်တင်ဘာအထိ ခုနစ်လ ဆက်တိုက် ကျဆင်းခဲ့ ကြောင်း သိရသည်။
ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများစွာ ဖြစ်ပေါ်နေခြင်းကြောင့် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါသည် လာမည့်သီတင်းပတ်တွင် ဆက်တိုက် ကျဆင်းနေသော စီးပွားရေးကို အထောက်အပံ့ပေးနိုင်ရန် လှုံ့ဆော်ပေးနိုင် သည့် အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာဖွယ်ရှိကြောင်း သတင်းရင်းမြစ် များက ဖော်ပြနေကြသည်။
ယမန်နှစ် တူညီသော ကာလရှိ လက်လီရောင်းအားနှင့် နှိုင်းယှဉ်ပါက ယခုနှစ် စက်တင်ဘာတွင် လက်လီရောင်းအား ၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း အစိုးရက ထုတြ်ပန်သည့် စာရင်းအင်းများအရ သိရသည်။
မျှော်မှန်းထား သည့် ကျဆင်းနိုင်ခြေ ၇ ဒသမ ၇ ရာခိုင်နှုန်းထက် ပိုမိုများပြားခဲ့သည်။
‘’ စားသုံးသူတွေက ဝယ်လိုအားက နည်းနေဆဲဖြစ်ပါတယ်။ ဝယ်လို အားပြန်မတက်လာခင် လာမယ့်လတွေမှာ ပိုဆိုးလာလိမ့်မယ်လို့ ကျွန်တော် တို့ မျှော်လင့်ထားတယ်။ ပြည်တွင်းဝယ်လိုအားထက် တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုက ဦးဆောင်တဲ့ ပြည်ပဝယ်လိုအားကသာလျှင် ပိုပြီး မြန်မြန်ဆန် ဆန်နဲ့ ဦးမော့လာမယ့်သဘောရှိနေပါတယ်’’ ဟု နော်ရင်ချူကင် စီးပွားရေး သုတေသနအင်စတီကျု၏ အကြီးအကဲတာကဲရှီမီနာမီက ပြောဆိုခဲ့သည်။
ကားအရောင်းအဝယ်၊ အီလက်ထရွန်နစ်နှင့် အဝတ်အထည်ကဲ့သို့သော ရောင်းဝယ်မှုများသည် လက်လီစျေးကွက်၌ အလွန်အမင်း ထိခိုက်မှုရှိခဲ့ ကြောင်း စာရင်းအင်းများအရ သိရသည်။

















